စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

အမျိုးသားလွှတ်တော်စာကြည့်တိုက်ကို ပထမအကြိမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လှူဒါန်းသည့် မြန်မာစာအုပ်(၉၂၀)အုပ်၊ အင်္ဂလိပ်စာအုပ်(၁၅၀)အုပ် နှင့် မဂ္ဂဇင်းစာအုပ် (၂၈၄)အုပ် စုစုပေါင်း(၁၃၅၄)အုပ်တို့ဖြင့်အခြေတည်၍ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမဆောင် (J - ဆောင်) ၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ(၂၆) ရက်နေ့မှစ၍ ယနေ့အထိ မြန်မာစာအုပ်(၁၁၇၃၆) အုပ်၊ အင်္ဂလိပ်စာအုပ်(၂၁၃၇) အုပ်၊ မဂ္ဂဇင်းစာအုပ် (၄၅၈၁) အုပ်၊ စုစုပေါင်း (၁၈၄၅၄) အုပ်တို့ကို စုဆောင်းထားရှိရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် လွှတ်တော်မိတ်ဖက် အဖွဲ့အစည်းတို့မှ အများဆုံးလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။