စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်သို့ လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၁)နန်ချွန်တွင် ဖွင့်လှစ်သည့် ဆင်များထိန်းသိမ်းစောင့်ရှောက်ခြင်း/သစ်ထုတ်ခြင်းပညာရပ် (ဆင်အုပ်/ ဆင်ခေါင်း) မွမ်းမံသင်တန်းအမှတ်စဉ်(၂၆)သင်တန်းမှ သင်တန်းသားများနှင့် အုပ်ချုပ်သူအရာရှိများ လာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

(၁၀.၇.၂၀၁၈) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ နန်ချွန်(တောင်)ကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်း၊ စီမံကိန်းနှင့်စာရင်းအင်းဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၁) နန်ချွန်တွင် (၂.၇.၂၀၁၈)ရက်နေ့မှ (၂၀.၇.၂၀၁၈)ရက်နေ့ထိ ဖွင့်လှစ်သည့် ဆင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း/သစ်ထုတ်ခြင်းပညာရပ်(ဆင်အုပ်/ဆင်ခေါင်း)မွမ်းမံသင်တန်းအမှတ်စဉ်(၂၆)သင်တန်းသို့ တက်ရောက်နေသော သင်တန်းသား(၂၅)ဦး နှင့် သင်တန်းကျောင်းမှ အုပ်ချုပ်သူအရာရှိ(၈)ဦး၊ စုစုပေါင်း(၃၃)ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြသည်။