စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးမောင်မောင်လတ်
၃။ အခြားအမည်ရှိလျှင် - -
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၅/တမန(နိုင်)၀၀၆၇၀၀
၆။ မွေးသက္ကရာဇ် / အသက် - ၂၄-၁၁-၁၉၆၆ / (၅၂) နှစ်
၇။ မွေးဖွားရာဇာတိ - တမူးမြို့
၈။ ပညာအရည်အချင်း - B.Sc(Hons;),M,Sc(Thesis) Zoology
၉။ လက်ရှိအလုပ်အကိုင် - ပညာရေးဘော်ဒါဆောင်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးသိန်းအောင်၊ ၅/တမန(နိုင်)၀၀၄၆၇၁ (ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ပြည့်တင်၊ ၅/တမန(နိုင်)၀၀၄၆၇၂၊ မှီခို
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်စန်းစန်းဝင်း၊ ၅/တမန(နိုင်) ၀၄၃၀၉၀၊ မှီခို
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) မယုဝတီမောင်လတ်၊ ၅/တမန(နိုင်) ၀၇၁၈၁၉၊ ကျောင်းသူ
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၀၄၃)၊ မာဃလမ်း၊ ဈေးတန်း(၂)၊ တမူးမြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၉)
ကိုယ်ရေး အကျဉ်း: 

၁၉၇၁ ခုနှစ်မှ ၁၉၈၄-၈၅ ထိ မူလတန်းမှ အထက်တန်းကျောင်းထိ တမူးမြို့တွင်လည်းကောင်း၊ ၁၉၈၅ – ၈၆ မှ ၁၉၈၆-၈၇ ထိ မုံရွာ ကောလိပ်တွင်လည်းကောင်း၊ ၁၉၈၇ – ၈၈ မှ ၁၉၉၃-၉၄ ထိ မန္တလေးတက္ကသိုလ်တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။

၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တမူးမြို့တွင် ကျူရှင်ဆရာအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ တမူးမြို့တွင် ဘော်ဒါဆောင် ကြီးကြပ်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။

၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကျောင်းသူ/သားပေါင်း (၂၀၀) ကျော်အား အခမဲ့ပညာသင်ကြားပေးခဲ့ပါသည်။

တမူးမြို့၊ ဖြူစင်မေတ္တာမိတ်ဆွေများ လူမှုရေးအသင်းတွင်လည်းကောင်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံကိုယ်စားလှယ် (ကွန်းတောင်းမဲရုံ) အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

The Light Of Englishမဂ္ဂဇင်းများတွင် မောင်မောင်လတ် 3D အမည်ဖြင့် အင်္ဂလိပ်ကဗျာများဘာသာပြန်ရေးသားခဲ့ခြင်း၊ နွယ်နီမဂ္ဂဇင်း၊ စတိုင်သစ်မဂ္ဂဇင်း၊ The International မဂ္ဂဇင်းတို့တွင် မောင်မောင်လတ် 3D ကိုလတ်(ဂုဏ်ထူးစံ)အမည်ဖြင့် ဘာသာပြန်ဆောင်းပါးများ ရေးသားခဲ့ပါသည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်ခြားဆက်ဆံရေးရုံး (BLO)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး (FLO Meeting on Drugs Control)၊ နယ်နိမိတ်ဆိုင်ရာ ညွှန်ကြားရေးမှူးအဆင့် (Survey Depts of Myanmar-India)၊ ဒေသအဆင့် နယ်စပ်ကုန်သွယ်ရေး (Border Trade Meeting)၊နှစ်နိုင်ငံတပ်မတော် တပ်စခန်းအဆင့်(PLM) အစည်းအဝေးများတွင် အင်္ဂလိပ်စကားပြန်(စေတနာ့ ဝန်ထမ်း)အဖြစ်လည်းကောင်း ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။

မှတ်ချက်

တိုင်း/ပြည်နယ်: 
စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်: 
မဲဆန္ဒနယ်အမှတ်(၉)
ပါတီ: 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
မဲဆန္ဒနယ် မြေပုံ: