အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် Hanns Seidel Foundation ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ဂျာမနီနိုင်ငံ Hanns Seidel Foundation ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား(၁၀.၁၁.၂၀၁၇)ရက်နေ့ မွန်းလွဲ (၁၃၀၀)နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး လွှတ်တော်ရေးရာစာစောင်များကို ပေးအပ်လိုပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။