အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား အက်စတိုးနီးယားနိုင်ငံ၊ သမ္မတ၏ အကြံပေးကော်မတီအဖွဲ့ဝင် Mr.Mart Nutt ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား အက်စတိုးနီးယားနိုင်ငံ၊ သမ္မတ၏ အကြံပေးကော်မတီအဖွဲ့ဝင် Mr.Mart Nutt၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂကိစ္စရပ်များဆိုင်ရာ သံအမတ်ကြီး Mr.Margus Kloga နှင့် နိုင်ငံရေးရာဦးစီးဌာန သံမှူး Mrs.Mari Tomingas တို့က (၁၀.၁၁.၂၀၁၇)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် အက်စတိုးနီးယားနိုင်ငံ၊ သမ္မတ၏ အကြံပေးကော်မတီအဖွဲ့ဝင် Mr.Mart Nutt က အက်စတိုးနီးယား၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့် ရည်မှန်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြ သော ဦးမောင်မောင်လတ်၊ ဒေါက်တာဦးကြွယ်ကြွယ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။