အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီမှ ကြီးမှူးကျင်းပသော ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံသားများအတွက် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီမှ ကြီးမှူးကျင်းပသော ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံသားများအတွက် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို အမျိုးသားလွှတ်တော် Jဆောင် ထမင်းစားခန်းမ၌ (၉.၁၁.၂၀၁၇)ရက်နေ့ (၁၃၂၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး Spectrum-Sustainable Development Knowledge Network ၏ အမှုဆောင်ဒါရိုက်တာ  Mr.David Allan က ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခြင်းနှင့် Spectrum-Sustainable Development Knowledge Network ၏ အမှုဆောင်ဒါရိုက်တာ  Mr.David Allan က ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို (၁၅၂၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။