အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ချက်သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ခေါင်းဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံး၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး (၁၀.၉.၂၀၁၇) ရက်နေ့ (၁၄၃၀) နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။