အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ချက်သမ္မတနိုင်ငံသို့ လေ့လာရေး ခရီးထွက်ခွာ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံး၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် (၂.၉.၂၀၁၇) ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မိသားစုဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်းမှ အဖွဲ့ဝင်နှစ်ဦးတို့လည်း လိုက်ပါသွားကြသည်။

လေ့လာရေးခရီးစဉ်အတွင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တွေ့ဆုံခြင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားဆက်ဆံရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လွှတ်တော်တွင်းလေ့လာခြင်း၊ တရားရေးဝန်ကြီးဌာနသို့သွားရောက်ခြင်း၊ အကျဉ်းထောင်သို့လေ့လာခြင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့် တွေ့ဆုံ ခြင်း၊ Prague မြို့ရှိ Burma Centre အဖွဲ့နှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။