အမျိုးသားလွှတ်တော်

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အာဆီယံပါလီမန်ခေါင်းဆောင်များ အကြိုညှိနှိုင်းအစည်းအဝေး တက်ရောက်ရန်ထွက်ခွာ

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည်  ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် အာဆီယံပါလီမန်ခေါင်းဆောင်များ၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် 30th ASEAN SUMMIT အစည်းအဝေးတွင်ပါဝင်သည့် ASEAN-AIPA Interface သို့တက်ရောက်ရန် (၂၇.၄.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသီဟဟန်တို့ လိုက်ပါသွားကြသည်။