အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် (၁၂)ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံရေးအတွက် ကမ္ဘာလုံး ဆိုင်ရာပန်ကြားချက် (၂၀၁၇)ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေတို့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံရေးအတွက် ကမ္ဘာလုံး ဆိုင်ရာပန်ကြားချက် (၂၀၁၇)ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၀၈:၄၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြပါသည်။